ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၂-၆-၂၀၂၀)ရက်နေ့ စျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၂၆--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ) (မကွေး) (၄၅၀၀၀/-)၊ ဂွနက်/ရိုးရိုး(၅၀၀၀/-)၊နှမ်းဖြူ(မကွေး) (၁၁၀၀၀/-)(၁၁၀၀၀/-) ၊နှမ်းဖြူ(ရေသွင်း)(၁၀၀၀၀/-) (၁၁၀၀၀/-) ၊နှမ်းနီ(၈၀၀၀/-)၊နှမ်းညိုကြား(၃၀၀၀/-)ကျပ်  စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၀၀ မှ ၃၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၂၆--၂၀၂၀) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း    (၃၂၀၀/-)၊ ကုလားပဲ(929) (၅၀၀/) ကုလားပဲ(HL)(၅၀၀/-) မတ်ပဲ (၁၀၀၀/-) ကျပ်စျေးကျကာ ၊ ပဲစဉ်းငုံ(သစ်) (၆၀၀/-)၊ ပဲထောပတ်   (၁၀၀၀/-)၊ စားတော်ပဲ ( ၅၀၀/- ) ကျပ်စျေးတက်ပြီး   ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၂၆--၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊  မြေပဲလုံးဆံနီ (လိုင်း)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၆..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊ နှမ်းဆီ၊မြေပဲဆီ စျေး အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။